ဗန်းမော်မြို့နယ်၊ ဖန်းခါးကုန်းအဝင်စစ်ဆေးရေးဂိတ်အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပိတောက်ခွဲသားများဖမ်းဆီးရမိ

၁၉-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့နယ်၊ ဖန်းခါးကုန်းအဝင်စစ်ဆေးရေးဂိတ်အနီးနေရာမှ မော်တော်ယာဉ်အမှတ်(1K/3572) NOAH (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၃၃) ချောင်း (၀.၆၉၉၂)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 20, 2019 - 16:15