မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ ယာဉ်(၃)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား များ ဖမ်းဆီးရမိ

၁၇-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ်(၄၅)မိုင်၊ ဝိန်းခမ်းကျေးရွာအနီး ယာဉ်(၃)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၁၁)ချောင်း (၁.၄၀၀၄)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 20, 2019 - 16:15