ယင်းမာပင်မြို့နယ်၊ တန်ပိုဂိတ်အနီး ယာဉ်(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၉-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ တန်ပိုဂိတ်အနီး ယာဉ်အမှတ်၊ YJM-9J/5218 (VOXY အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၅)ချောင်း (၁.၃၈၆၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ပါသည်။

date: 
Monday, May 20, 2019 - 16:15