ပင်လည်ဘူးမြို့နယ်တွင် တရားမဝင် ပျဉ်းကတိုးသစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်းဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ချောင်းစောက်ကျေးရွာ၊ ရွာခွဲခေါင်းဆောင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ နန့်ဘရန့်ကြိုးဝိုင်းအကွက်(၁၀၉)အတွင်းမှ တရားမဝင် ပျဉ်းကတိုးသစ်(၂၇)လုံး (၁၁.၁၀၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 20, 2019 - 16:15