မင်းလှမြို့နယ်၊ လှည်းပြင်တင်ရွာမြောက်ဘက်ချောင်းအနီးတွင် မော်တော်ဆိုင်ကယ်(၄)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၉-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းလှမြို့နယ်၊ လှည်းပြင်တင်ရွာမြောက်ဘက်ချောင်းအနီးနေရာမှ မော်တော်ဆိုင်ကယ်(၄)စီးပေါ်မှ တရားမဝင် ကျွန်းသစ်(၁၁)လုံး (၀.၆၂၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, May 20, 2019 - 16:15