မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာတွင် တရားမဝင်သစ်လုံးများ ဖမ်းဆီးရမိ

၁၇-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာ၊ လယ်ကွင်းတောစပ်အနီးတွင် တရားမဝင်ကညင်/ကြေးလံသစ် (၆)လုံး (၁၁.၂၇၄၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ပါသည်။

date: 
Tuesday, May 21, 2019 - 11:15