လေးမျက်နှာမြို့နယ်၊ လေးမျက်နှာကြိုးဝိုင်းအတွင်း တရားမဝင်တောင်သရက် ခွဲသားများဖမ်းဆီးရမိ

၁၆-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လေးမျက်နှာကြိုးဝိုင်းအကွက်(၅၀၊ ၄၉)အတွင်း တရားမဝင်တောင်သရက်ခွဲသား(၆၃) ချောင်း (၁၁.၅၇၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 21, 2019 - 11:15