ဂွမြို့နယ်အတွင်း ယာဉ် (၂)စီးပေါ်မှ တရားမဝင်တောင်သရက်ခွဲသားများ ဖမ်းဆီးရမိ

၁၇-၅-၂၀၁၉ ရက်နေ့တွင် ရေကြည်မြို့နယ်နှင့် ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ကြီးချောင်းအနီး၊ ယာဉ် (၂)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၄၃)ချောင်း (၄.၉၃၁၈)တန်၊ တရားခံ (၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, May 21, 2019 - 11:15