ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် တွေ့ရှိခဲ့သည့် တောက်တဲ့မျိုးစိတ်သစ် Cyrtodactylusnyinyikyawi

တောက်တဲ့မျိုးစိတ်သစ် Cyrtodactylusnyinyikyawi သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်သာ တွေ့ရှိရသည့် မျိုးစိတ် ဖြစ်ပြီး California Academy of Sciences ၏ ၂၀၀၂ ခုနှစ်အတွင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ဆောင်ရွက်ခဲ့သည့် တွားသွားသတ္တဝါမျိုးစိတ် လေ့လာစာရင်း ကောက်ယူခြင်းတွင် ရှှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ မျိုးရိုးဗီဇလေ့လာဆန်းစစ်ခြင်းနှင့် ပြင်ပ ရုပ်သွင်ခွဲခြားလေ့လာခြင်းတို့ ဆောင်ရွက်ခြင်းမှတစ်ဆင့် မျိုးစိတ်သစ်ဖြစ်ကြောင်းတွေ့ရှိခဲ့ရပြီး Magnolia press မှ ထုတ်ဝေသည့် ၂၀၁၉ ခုနှစ်၊ ဧပြီလထုတ် Zootaxa ဂျာနယ်တွင် တောက်တဲ့မျိုးစိတ်သစ်တွေ့ရှိမှုအဖြစ် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ဒေါက်တာညီညီကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၏ ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကူညီ ပံ့ပိုးပေးခဲ့မှုများကို ဂုဏ်ပြုသောအားဖြင့် တောက်တဲ့မျိုးစိတ်သစ်အမည်ကို Cyrtodactylusnyinyikyawi ဟု အမည်ပေးထားကြောင်း ရေးသားတင်ပြအပ်ပါသည်။

date: 
Tuesday, May 21, 2019 - 15:45