နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၂.၃၇၃၃)တန် ၊ သစ်မာ (၁၁၄.၉၅၆၂)တန် ၊ အခြား (၅၇၆.၁၂၈၉)တန်၊ စုစုပေါင်း(၈၁၃.၄၅၈၄)တန်၊ တရားခံ(၉၇)ဦး၊ ယာဉ်/ယန္တရား(၆၁)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ မြောက်ပိုင်းဘိနယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁၃)၊ တရုတ်သင်္ချိုင်းနှင့် နှစ်ခြင်းခရစ်ယာန် သင်္ချိုင်းကြား၊ ရာဘာခြံအနီးမှ တရားမဝင် စုစုပေါင်း အခြားသစ် (၅၄)လုံး (၅၄.၀၃၀၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, May 22, 2019 - 10:30