ကျွန်းစုမြို့နယ်၊ ဆောင်းကြီးကျွန်းအရှေ့မြောက်ဘက်တွင် မော်တော်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၅-၂၀၁၉ ရက်နေ့တွင် ကမ်းခြေစောင့်တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးနိုင်မျိုးဦး ဦးစီးသည့်အဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဆောင်းကြီးကျွန်းအရှေ့မြောက်ဘက်(၄.၈) မိုင်ခန့်အကွာနေရာတွင် တရားမဝင်ကတွဒ်/ဂန့်နီခွဲသား(၂၁၂)ချောင်း (၉.၂၆၄၂)တန်တင်ဆောင်ထားသော စက်လှေ(၁)စီးနှင့် တရားခံ(၃)ဦးအားတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 22, 2019 - 13:00