တိုက်ကြီးမြို့နယ် အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ (၉၁)၊ စုရုံး(၁)စိတ် ဗိုလ်ကြီး သန်းစိုးညွှန့် ပါ(၁၀)ဦး ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ စမ်းရွာတဘူးလှရေကာတာဆည်အနီး ရေတံခါးထိပ် နေရာမှ တရားမဝင် ချဉ်ယုတ်/သစ်နီ/ရုံး/မျောက်ငို/ထောက်ကြန့်/နဘဲ/ မျောက်ချော/ တောင်စကားဝါ/ကောင်းမှု (၅၄) လုံး/ချောင်း (၁၈.၉၁၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, May 22, 2019 - 13:00