တောင်ကြီးမြို့နယ်(ပူးတွဲ)ဟိုပုံးမြို့နယ်၊မိုင်းပျဉ်းဒေသအတွင်းတရားမဝင်အင်သစ်လုံးများဖမ်းဆီးရမိ

၁၉-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခမရ(၂၄၉)တပ်မှ ဗိုလ်မှူးရန်နိုင်စိုး(ကြည်း-၄၀၆၅၁) ဦးစီးစစ်ကြောင်းအဖွဲ့ တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်(ပူးတွဲ)ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသအတွင်း၊ နားလုံရွာ၏ မြောက်ဘက်နေရာ၌ တရားမဝင်အင်သစ်လုံး(၂၀၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 22, 2019 - 13:00