ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး-ဥကံ္ကသွားကားလမ်းအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်အင်/ကညင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက်ဖြင့် ၂၀-၅-၂၀၁၉ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး-ဥကံ္ကသွားကားလမ်းအနီးတွင် တရားမဝင်သစ်စက်(၁)လုံးနှင့် တရားမဝင်အင်/ကညင်သစ်/ခွဲသား(၃၁၃)လုံး/ချောင်း (၂၅.၀၉၂၆) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 22, 2019 - 13:00