ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ သုဿာန်အနီး မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ် များဖမ်းဆီးရမိ

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ သုဿာန်အနီး မော်တော်ယာဉ်အမှတ်(SHN-D/2025 Nissan Diesel အပြာရောင်)ပေါ်မှ တရားမဝင်သစ် ကျွန်း/သစ်ယာ/အင် ခွဲသား (၆၂၆) ချောင်း (၇.၇၀၉၂)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 23, 2019 - 16:15