ဂွမြို့နယ်၊ တိုင်ကျိုးချောင်းတောင်ဘက် ဓနိခင်းနှင့် အုန်းခင်းကြားတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ၂၃-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်မြို့နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ တိုင်ကျိုးချောင်းတောင်ဘက် ဓနိခင်းနှင့် အုန်းခင်းကြားတွင် တရားမဝင် ကညင်/တောင်ပိန်း/ပိန္နဲ/တောင်သရက်ခွဲသား (၂၁၀)ချောင်း (၃၀.၀၃၀၂)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 27, 2019 - 11:15