ဝါးလက်မှုပစ္စည်းများ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပို့ချ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “ဆင်းရဲနွမ်းပါးမှုနှင့်် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး သစ်တော ကဏ္ဍလမ်းစဉ်များဆိုင်ရာ သင်တန်း” [AFoCO Training Course For Policy Makers on “Beyond Planting Trees: Forest Pathways to No Poverty (SDG1) and Zero Hunger (SDG2)]ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊ သစ်တောများ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ အစားအစာ လုံလောက်မှုနှင့် အာဟာရ စသည်တို့အကြား ယုတ္တိကျသော ကွင်းဆက်များအပေါ် နားလည်သဘောပေါက်မှုကို မြှင့် တင်ရန်၊ လက်တွေ့နမူနာများနှင့် အတွေ့အကြုံများကို ဖလှယ်ရန်၊ ခေတ်အလိုက် ပေါင်းစပ် သစ်တော မူဝါဒနှင့် အစီအစဉ်များတွင် အမျိုးသားအဆင့်နှင့် ဒေသတွင်းအဆင့် စွမ်းဆောင် ရည် မြှင့်တင်ရန် ရည်ရွယ်လျက် ဤသင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်၊ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် မှော်ဘီမြို့နယ်၊ မှော်ဘီကြိုးဝိုင်း၊ အကွက်အမှတ်(၃၁၊ ၃၃)အတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့ပါ သည်။ ဒေသခံပြည်သူ ဖွံ့ဖြိုးမှုအစီအစဉ်အရ လူမှုစီးပွား အထောက်အကူပြု သင်တန်းများကို AFoCO Secretariat ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ (၂၇) ရက်နေ့ မှ ဇွန်လ (၅)ရက်နေ့အထိ “ဝါးလက်မှုပစ္စည်းများ ပြုလုပ်နည်းသင်တန်း”ကို ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။ ဆိုပါသင်တန်းကို ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်း ကြောင်း လုပ်ငန်းများကို အထောက်အကူပြုရန်၊ ဒေသခံပြည်သူ အစုအဖွဲ့ သစ်တောများမှ ဝါးပစ္စည်းထုတ်ကုန်များကို ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပိုမိုအားကောင်းစေရန်၊ ဒေသခံပြည်သူများကို မိမိဝန်းကျင်မှာ လွယ်လင့်် တကူ သုံးစွဲနိုင်၊ ဝယ်ယူနိုင်တဲ့ ဝါးကုန်ကြမ်းများအား ဝါးလက်မှုပစ္စည်းပြုလုပ် တတ်စေပြီး အပိုဝင်ငွေ ရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါသည်။ဆိုပါသင်တန်းသို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ သင်တန်းဆရာ(၁)ဦး နှင့် အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာမ(၂)ဦး၊ စုစုပေါင်း သင်တန်းဆရာ(၃)တို့ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်းတိုင်းဒေသကြီး တို့မှ ဒေသခံပြည်သူ သင်တန်းသား/ သင်တန်းသူ(၃၁)ဦးတို့ဖြင့် လူမှုစီးပွား အထောက် အကူပြု သင်တန်းအား ဒုတိယအကြိမ် ဖွင့််လှစ်ကျင်းပလျက်ရှိပါသည်။

date: 
Monday, May 27, 2019 - 15:00