သာပေါင်းမြို့နယ်တွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရှမ္မမြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ရှမ္မမြောင်ရွာလယ်ကွင်းမြောက်ဘက်/ တောင်ဘက်၊ အောက်ဒည်ကုန်းရွာတာကျိုးပေါက်အနီးနှင့် ငဝန်မြစ်ကမ်းဘေးတို့မှ တရားမဝင် လင်းလွန်း/ တောင်သရက်/သစ်ပုတ် (၅၉)လုံး/ချောင်း (၁၉.၀၂၃၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 10:45