ကနီမြို့နယ် ဒဟတ္တောရွာအနီးတွင် ယာဉ်(၁)စီးနှင့်အတူ တရားမဝင် အင်ခွဲသားဆိုဒ်စုံများ ဖမ်းဆီးရမိ

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကနီထွေ/အုပ်မှ အုပ်ချုပ်ရေးမှူးပါအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ဒဟတ္တောရွာအနီးတွင် ယာဉ်အမှတ် (SHNN-6H/5803 DONG FENG) ခေါင်းစိမ်း၊ ကိုယ်ထည်ခဲရောင်(၆)ဘီးပေါ်မှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၃၀၂)ချောင်း (၅.၂၄၇၄)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:00