ဂွမြို့နယ်တွင်း တရားမဝင် သစ်ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဒေါင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးပါအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ် တုံးကန့်လန့် ချောင်းတောင်ကြော၊ မရမ်းချောင်းဖျား၊ ငထွေးချောင်းဖျား အတွင်းမှ ကညင်/တောင်သရက်ခွဲသား (၂၄၇)ချောင်း (၃၀.၄၃၉၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:00