ပုသိမ်မြို့နယ်အတွင်းမှ တရားမဝင် သစ်များဖမ်းဆီးရမိ

၂၅.၅.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ မြစံတဲစုအနီး၊ ပျဉ်းမချောင်းအနီး၊ ကျောက်ကုတင်ချောင်းအနီးနှင့် သစ်တိုပင်ကျောက်ကွင်းအနီးပတ်ဝန်းကျင်နေရာများမှ တရားမဝင် တောင်သရက်/ကညင်သစ်/ခွဲသား/လုံးပတ်၃ပေအောက်သစ် (၁၁၇)လုံး/ချောင်း (၂၄.၂၆၂၆)တန်၊ ဘောင်ဆန့်မျော (၈၈၉)လုံး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:00