ပုသိမ်မြို့နယ်၊ ငါးအောက်ချောင်းလမ်းမကြီးဘေးတွင် ယာဉ်(၁)စီးနှင့်အတူ တရားမဝင် တောင်သရက်ခွဲသားများ ဖမ်းဆီးရမိ

၂၆.၅.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ တိုင်းမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပုသိမ်မြို့နယ်၊ ငါးအောက်ချောင်းလမ်းမကြီးဘေးတွင် ယာဉ်အမှတ်- (4C/1592 နစ်ဆန်းကန်တာ(၆)ဘီး ကားခဲပြာရောင်)ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၄၆၀)ချောင်း (၄.၁၄၅၀)တန်၊ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:15