မြစ်ကြီးနားမြို့နယ်၊ ရေကြည်ကျေးရွာ၏အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာ၊ ဒေသအခေါ် တာဆိုင်းကုန်း၊ ဧရာဝတီမြစ်ဘေးမှ တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၃-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ဟိုကပ်ကျေးရွာနှင့် ရေကြည်ကျေးရွာတို့မှအုပ်ချုပ်ရေးမှူးတို့ပါဝင် သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ရေကြည်ကျေးရွာ၏အနောက်မြောက်ဘက် (၂)မိုင်ခန့် အကွာ၊ ဒေသအခေါ် တာဆိုင်းကုန်း၊ ဧရာဝတီမြစ်ဘေးတွင် တရားမဝင် ကျွန်းခွဲသား (၂၁၀)ချောင်း (၈.၅၁၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:30