လှည်းကူးမြို့နယ် လှည်းကူးတာဆုံမီးပွိုင့်အနီးတွင် ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ပျဉ်းကတိုး ခွဲသားများ ဖမ်းဆီးရမိ

၂၆.၅.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ လှည်းကူးတာဆုံမီးပွိုင့်အနီး ယာဉ်အမှတ် (5J/2667 LIGHT TRUCK)(၆)ဘီး အဖြူရောင် ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၅၇)ချောင်း (၁.၂၆၃၂)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:30