ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအနီးမှ တရားမဝင် စက်လှေ (၁)စီး၊ ယာဉ်(၂)စီးနှင့် ကျွန်းခွဲသား ဆိုဒ်စုံများ ဖမ်းဆီးရမိ

၂၃-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါဝန်ထမ်းများ၊ ခလရ(၃၆)တပ်ရင်းမှ တပ်မတော်သားများ၊ စစ်ဖက်ရေးရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ မိုင်းမောကျေးရွာ၏အနောက်ဘက် (၄၀၀)ပေခန့်အကွာတွင် စက်လှေ(၁)စီးနှင့် ယာဉ်(၂)စီး ပေါ်မှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၂၄၂)ချောင်း (၈.၇၄၈၈)တန်၊ တရားခံ (၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:30