သာပေါင်းမြို့နယ်အတွင်းမှ တရားမဝင် ဘောင်ဆန့်၊တောင်သရက် သစ်လုံး/ခွဲသားများ ဖမ်းဆီးရမိ

၂၄-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရှမ္မ မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်း အနောက်ခြမ်းတွင် တရားမဝင် ဘောင်ဆန့်၊တောင်သရက်သစ်လုံး/ခွဲသား (၆၄၁)လုံး/ချောင်း (၂၉.၆၄၉၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:30