အင်္ဂပူမြို့နယ်တွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပိန္နဲကွင်းကျေးရွာအုပ်စု ရာအိမ်မှူးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ အမှတ်(၁)ရပ်ကွက်၊ မြောက်ဘက် လယ်ကွင်းဘေးတွင် တရားမဝင် ကုတ်ဟဲ/တောင်သရက်/ဘင်္ဂ/ချဉ်ယုတ်/မျောက်ချော (၁၁၄)ချောင်း(၁၃.၀၇၈၈)တန် တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:30