ဘောလခဲမြို့နယ်၊ ဒေါတမကြီးသွားကားလမ်းအနောက်ဘက်(၂)ဖာလုံခန့်တွင် ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ပိတောက်ဓါးရွေများ ဖမ်းဆီးရမိ

၂၆-၅-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒေါတမကြီးသွား ကားလမ်းအနောက်ဘက် (၂)ဖာလုံခန့်တွင် ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ဓါးရွေ (၁၄)တုံး (၁.၈၄၈၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:45