ရေဦးမြို့နယ်၊ သံသည်ကျေးရွာ အ.မ.က ကျောင်းရှေ့တွင် ယာဉ်နှင့်အတူ တရားမဝင် အင်ခွဲသားများ ဖမ်းဆီးရမိ

၂၃.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အောင်မင်္ဂလာနှင့်သံသည်ကျေးရွာ မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့သည် သံသည်ကျေးရွာ အ.မ.က ကျောင်းရှေ့တွင် (န/၁၉၈၅) Nissan Diesel (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား(၄၉)ချောင်း (၁၀.၆၅၄)တန်၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:45