ရေကြည်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်(၁)စီးနှင့်အတူ တရားမဝင် တောင်သရက်ခွဲသား များ ဖမ်းဆီးရမိ

၂၅.၅.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၁၀/၄)၊ ကွမ်းခြံကုန်းကျေးရွာအနီးတွင် ယာဉ်အမှတ်- (5E/8479 MISUBISHI FUSO (၁၂)ဘီး ခေါင်းပြာ)ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၁၉)ချောင်း (၂.၈၅၂၄)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:45