SNC and REDD+ MRV လုပ်ငန်းအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

SNC and REDD+ MRV လုပ်ငန်းအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၈-၅-၂၀၁၉ ရက်နေ့၊ နံနက်(၁၀:ဝ၀)နာရီအချိန်၌ သင်္ဂဟဟိုတယ်တွင်ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ SNC နည်းပညာဆိုင်ရာအဖွဲ့မှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ FAO မှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Tuesday, May 28, 2019 - 14:00