ကွတ်ခိုင်မြို့နယ်၊ လာရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃၉/၄)အနီး တွင် ယာဉ်(၅)စီးနှင့် အတူ တရားမဝင်တမလန်းခွဲသားများ ဖမ်းဆီးရမိ

၂၆-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၄၅)မှ ဗိုလ်ကြီး ဇော်ဝေထွဋ်ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ လာရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၉/၄)အနီးနေရာ၌ မော်တော်ယာဉ်(၅)စီးနှင့် တရားမဝင်တမလန်းဓါးရွေ (၁၁၇) ချောင်း (၄.၇၁၈၄)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 29, 2019 - 13:30