မင်းတပ်မြို့နယ်အတွင်း လက်ကိုင်စက်လွှ (၅)လက်နှင့်အတူ တရားမဝင် ထင်းရှူးခွဲသားများ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ဝမ္မသူးကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းတပ်မြို့နယ်၊ ဝမ္မသူး-ထားလောင်း ကျေးရွာသွားလမ်းအနီးတွင် လက်ကိုင်စက်လွှ(၅)လက်၊ တရားမဝင် ထင်းရှူးခွဲသား(၃၃၇)ချောင်း (၄.၀၁၁၄)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Wednesday, May 29, 2019 - 13:30