မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းဘေး မိုင်တိုင်အမှတ် (၂၀၇/၇)အနီး တွင် ယာဉ်(၁)စီး နှင့် အတူ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၆-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျီးကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျီးကန်ကျေးရွာ တောင်ဘက် ပုသိမ်-မုံရွာကားလမ်းဘေး မိုင်တိုင်အမှတ်-(၂၀၇/၇)အနီး ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၇)ချောင်း (၇.၇၀၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, May 29, 2019 - 13:30