တောင်ကုတ်မြို့နယ်၊ ကမာချောင်းအတွင်း စက်လှေ(၄)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ထပယ(၆၁၂)တပ်မတော်ရေမှ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ကမာချောင်းအတွင်း စက်လှေ(၄)စီးပေါ်မှ တရားမဝင်သစ်ခွဲသားခန့်မှန်း(၄၃)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 29, 2019 - 14:00