ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်းနှင့် ပြင်တဲကြိုးဝိုင်းတို့အတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်ကျွန်းသစ်/ခွဲသားများ ဖမ်းဆီးရမိ

၂၆-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက်အမှတ်(၁၄) နှင့် ပြင်တဲကြိုးဝိုင်းအကွက်အမှတ်(၇၆)တို့အတွင်းမှ တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်းသစ်/ခွဲသား (၂၆၇)ချောင်း (၉.၆၉၅၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 29, 2019 - 14:30