ဖောင်းပြင်မြို့နယ်အတွင်းမှ တရားမဝင် အင်သစ်များ ဖမ်းဆီးရမိ

၂၈-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် စန္ဒားကြိုးပြင် ခုတ်ကွက်ကြီး(XXXII)အတွင်း တရားမဝင် အင်သစ်/လုံးပတ်၃ပေအောက်အင်သစ် (၁၇၃ ) လုံး (၃၃.၂၁၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 30, 2019 - 10:30