သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား WIF (Worldview International Foundation)မှ ကိုယ်စားလှယ် အဖွဲ့မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၃၀-၅-၂၀၁၉ ရက်နေ့ နံနက်(၁၀:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား WIF (Worldview International Foundation)မှ ကိုယ်စားလှယ် အဖွဲ့မှ လာရောက်တွေ့ဆုံ၍ UNFCCC ၏ Kyoto Protocol အောက်မှ Market Mechanism တစ်ခုဖြစ်သည့် Clean Development Mechanism(CDM) လုပ်ငန်းစဉ်ဖြင့် သစ်တောပြန်လည် စိုက်ပျိုးတည်ထောင်ခြင်း စီမံကိန်း (Afforestation/ Reforestation (A/R)CDM)အား ကိုရီးယားနိုင်ငံအခြေစိုက် အဖွဲ့အစည်းဖြစ်သော ECOEYE နှင့် Korea Electric Power Company (KEPCO)တို့နှင့် ညှိနှိုင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

date: 
Thursday, May 30, 2019 - 11:45