မြိုင်မြို့နယ်၊ တန့်ကြီးတောင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့်တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျှက်ရှိရာ မြိုင်မြို့နယ်၊ တန့်ကြီးတောင်ကြိုးဝိုင်းအကွက် အမှတ်(၇၁)အစပ်၊ ကျော်ရွာကျေးရွာ၏ မြောက်ဘက်(၁.၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်သစ်စက် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ အင်ကြင်း/ ကုက္ကိုလ်/ သဒီ/ ကြို့/ သပြေ/ လက်ပံခွဲသား(၁၆၇)ချောင်း (၉.၈၉၄၀)တန်ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 30, 2019 - 12:45