ကံမမြို့နယ်နှင့် ပန်းတောင်းမြို့နယ်စပ်နေရာတွင် တရားမဝင်သစ်စက်နှင့်တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျှက်ရှိရာ ကံမမြို့နယ်နှင့် ပန်းတောင်းမြို့နယ်စပ်နေရာ၌ တရားမဝင်သစ်စက် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ပျဉ်းကတိုး/ ထောက်ကြံ့/သစ်ယာ/ဘင်္ဂ/ရုံး/ဖက်ဝန်းသစ်/ခွဲသား(၇၈၀)လုံး/ချောင်း (၄၂)တန်ခန့်ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 30, 2019 - 12:45