ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းတွင် မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်မျောက်ငိုခွဲသားများ ဖမ်းဆီးရမိ

၂၉-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း)၊ မိုင်တိုင်အမှတ်(၂၆၈/၄)အနီးနေရာ၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားမဝင်မျောက်ငိုခွဲသား စုစုပေါင်း (၁၆၇၄)ချောင်း(၉.၈၁၄၄)တန်အား တရားခံ(၅)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 30, 2019 - 13:00