ဘုတလင်မြို့နယ်၊ ချောင်းဝကြီးရွာအနီး၊ ချင်းတွင်းမြစ်အတွင်းတွင် တရားမဝင်ကျွန်း/သစ်ယာ/ အင်သစ်/ခွဲသားများ ဖမ်းဆီးရမိ

၂၈-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျှက်ရှိရာ ဘုတလင်မြို့နယ်၊ ချောင်းဝကြီးရွာ၊ အနောက်ဘက် (၁)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း တရားမဝင်ကျွန်း/သစ်ယာ/ အင်သစ်/ ခွဲသား(၆၆) လုံး/ချောင်း (၇.၂၉၆၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, May 31, 2019 - 13:15