သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်လမ်းမိုင်တိုင်အမှတ်(၈/၀)အနီး ကျောက်ဖြူကျေးရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်/ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်လမ်းမိုင်တိုင်အမှတ်(၈/၀)အနီး ကျောက်ဖြူကျေးရွာ၏ မြောက်ဘက်(၃)ဖာလုံခန့်အကွာနေရာတွင် တရားမဝင်ကျွန်း/ပိတောက်/ တမလန်း/ သစ်ယာသစ်/ ခွဲသား ခန့်မှန်း(၂၅)တန်၊ တရားမဝင်သစ်စက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 31, 2019 - 13:30