တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအနီးတွင် တရားမဝင်ပျဉ်းကတိုးသစ်/ခွဲသားများဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းသေကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအနီးဝန်းကျင်တွင် တရားမဝင်ပျဉ်းကတိုးသစ်/ခွဲသား(၁၅၂၀)လုံး/ချောင်း (၁၅.၈၆၁၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Friday, May 31, 2019 - 13:30