ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ကျွန်း/ပိတောက် ခွဲသားများဖမ်းဆီးရမိ

၃၁-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅/၁)နေရာနှင့် မန္တလေး-ပြင်ဦးလွင် (အဆင်း) ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၂)နေရာတို့၌ မော်တော်ယာဉ်အမှတ်(YGN 8I/8887) ရတနာထွန်း မှန်လုံယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY 6D/1961)FUSO (၁၂)ဘီး(အဖြူရောင်) ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်း/ပိတောက်ခွဲသား (၃၈၉) ချောင်း (၄.၄၃၆၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, June 3, 2019 - 14:15