ကောလင်းမြို့နယ်၊ တောင်ကြားကျေးရွာတွင်မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်တမလန်း ခွဲသားများဖမ်းဆီးရမိ

၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ချပ်သင်းဘေးမဲ့တော ဥယျာဉ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ တောင်ကြားကျေးရွာအနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ၊ အင်တိုင်းတောစပ်အတွင်း မော်တော်ယာဉ်အမှတ်(1C/4460) NISSAN DIESEL (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်းခွဲသား (၃၀) ချောင်း (၉.၀၁၆၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, June 3, 2019 - 14:30