ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ-ရွာမကားလမ်း၊ မယ်ဇလီကုန်း ကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်အင်ခွဲသားများဖမ်းဆီးရမိ

၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ-ရွာမကားလမ်း၊ မယ်ဇလီကုန်း ကျေးရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာနေရာ၌ မော်တော်ယာဉ်အမှတ်မပါ (6)ဘီး(ဖြူပြာကြား) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၃၃) ချောင်း (၇.၁၀၉၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, June 4, 2019 - 10:15