ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်းအတွင်းတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်/ခွဲသားများဖမ်းဆီးရမိ

၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်းအကွက်အမှတ်(၆၉)အတွင်း တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်း များ၊ ဆိုင်ကယ်(၂)စီး၊ တရားမဝင်ကျွန်း/တမလန်း/အင်/ကညင်/ သတီ သစ်/ ခွဲသား(၂၉၃)လုံး/ ချောင်း(၁၂.၆၆၆၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 4, 2019 - 10:15