ပုသိမ်မြို့နယ်အတွင်း တရားမဝင်တောင်သရက်/ဘောင်ဆန့်ခွဲသားများဖမ်းဆီးရမိ
၃၁-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ မကျီးဇင်ချောင်းဘေး၊ ပြန်တိုးချောင်းဝ၊ ကိုင်းသာချောင်းဝ၊ တံငါတောင်နေရာတို့မှ တရားမဝင်တောင်သရက်/ဘောင်ဆန့်ခွဲသား (၁၁၈)ချောင်း (၃၆.၂၈၂၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။


date:
Tuesday, June 4, 2019 - 10:15
