မိုးမိတ်မြို့နယ်၊ သစ်ထုတ်ရေးကားလမ်းဟောင်းဘေးတွင် တရားမဝင်ပျဉ်းကတိုး/သစ်ယာ/ အင်ကြင်းသစ်များဖမ်းဆီးရမိ

၃၁-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ သစ်ထုတ်ရေးကားလမ်းဟောင်းဘေး၊ မလွှပင်ချောင်းဘေးနေရာ၌ တရားမဝင်ပျဉ်းကတိုး/သစ်ယာ/အင်ကြင်းသစ် (၂၅)လုံး (၉.၉၀၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, June 4, 2019 - 10:30